Wednesday, June 17, 2020

Facebook Page ဖျက်နည်း

ဟုတ်ကဲ့ ဒီနေ့ ကိုယ်ထောင်ထားတဲ့ page ကိုဘယ်လိုပြန်ဖျက်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလိုဖျက်မယ်ဆိုရင် တော့ သင်ဟာ ဖျက်မည့် page ရဲ့ Admin တစ်‌ယောက်ဖြစ်မှ သာ page ကိုဖျက်လို့ရမှာဖြစ်ပါတယ်။ သင်ဟာ Admin တစ်ယောက်သာဖြစ်နေခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ page ကိုအောက်ပါအတိုင်းဖျက်နိုင်ပါတယ်။

  1. သင်ဖျက်လိုတဲ့ FB Page ကိုသွားပါ။
  2. More ကိုနှိပ်ပါ။
  3. Edit Settings > General ကိုနှိပ်ပါ။
  4. ပြီးရင် Remove Pageအောက်မှာရှိတဲ့ Permanently delete [page name]?ကိုနှိပ်ပါ။
  5. နောက်ပြီး delete ကိုနှိပ်ပါ။

Facebook page ဖျက်တဲ့နည်းကတော့ အထက်ပါအတိုင်းဖြစ်ပါတယ်။ဒါမယ့် follower အနည်းငယ်ရှိတဲ့ page ကိုဖျက်ချင်ရင် တော့ 14 စောင့်ပြီးမှ အပြီးဖျက်လိုက်နိုင်မှာဖြစ်ပါတယ်။ ဒီလို page မျိုးတွေအတွက်ကတော့ အားသာချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ 14 အတွင်းစိတ်ပြောင်းသွားလို့ ကိုယ့်ရဲ့ page ကိုမဖျက်ချင်တော့ဘူးဆိုရင် page ကိုဖျက်ထားတာကို cancel deletion လုပ်လိုက်နိုင်ပါတယ်။ Cancel deletion ကိုတော့ အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

  1. သင်ဖျက်လိုတဲ့ FB Page ကိုသွားပါ။
  2. More ကိုနှိပ်ပါ။
  3. Edit Settings > General ကိုနှိပ်ပါ။
  4. ပြီးရင် Merge Pagesအောက်မှာရှိတဲ့Cancel Deletion ကိုနှိပ်ပါ
  5. နောက်ပြီး Comfirm ကိုနှိပ်ပါ။

ဒါဆိုရင်သင့်ရဲ့ page ဖျက်ထားတဲ့ဟာကိုမပျက်အောင် cancel လုပ်ပြီးသွားပါပြီ။

အောက်မှာ 14 ရက်စောင့်စရာမလိုတဲ့ Page ကိုဖျက်ပြထားပါတယ်။

Step: 1
Step: 2
Step: 3
Step: 4
Step: 5
Step: 6

No comments:

Post a Comment