Sunday, July 19, 2020

Facebook မှာပုံတွေ၊ ဗီဒီယိုတွေကို အရည်အသွေးကောင်းကောင်းဖြင့် post တင်နည်း

ဟုတ်ကဲ့ဒီနေ့မှာတော့ Facebook မှာ ပုံတွေ၊ ဗီဒီယိုတွေကို မူလအတိုင်းအရည်အသွေးမပျက် post တင်ချင်သူတွေအတွက်နည်းလမ်းလေးတစ်ခုကိုမျှဝေပေးလိုက်ပါတယ်။ လွယ်လွယ်လေးမို့လို့ ထွေထွေထူးထူးပြောမနေတော့ပါဘူး။

ကျေးဇူးတင်ပါတယ်။
🙏အဆေင်ပြေပါစေ။

Saturday, July 18, 2020

Facebook Group ထောင်နည်း

ဟုတ်ကဲ့ဒီနေ့မှာတော့ Facebook Group ထောင်တဲ့နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

- အရင်ဦးဆုံး Facebook App ကိုဖွင့်။ပြီးရင် Top Bar မှာရှိတဲ့ Group Icon လေးကိုနှိပ်လိုက်ပါ။ Group Icon မပေါ်တဲ့သူက MENU ထဲက Group ကိုနှိပ်ပါ။

- နောက်တစ်ဆင့်အနေနဲ့ Create ကိုနှိပ်ပါ။

- ပြီးရင် Name နေရာမှာ Group အမည်ရေး။
Cover Photo နေရာမှာ Group အတွက် Cover Photo ကိုထည့်။
Privacy နေရာမှာ Public or Private ကြိုက်တာထည့်။Public နဲ့ Private ဘာကွာလဲနောက်ထက်တစ်ပုံမှာ ဆက်ရှင်းပြပါမယ်။

- Privacy မှာ Public ထားခဲ့မယ်ဆိုရင် ကိုယ့် Group အဖွဲ့ဝင်မဟုတ်သေးတဲ့သူတွေက Group ထဲမှာဘယ်သူတွေကဘာတွေတင်ထားတယ်။ဘယ်သူတွေ comment ပေးထားလဲဆိုတာကို ကြည့်နိုင်ပါတယ်။
- Privacy မှာ Private ထားခဲ့မယ်ဆိုရင်တော့ Group အဖွဲ့ဝင်တွေသာ ဘာတွေတင်ထားတယ်။ဘယ်သူတွေ Comment ပေးထားတယ်ဆိုတာကို‌သိနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ Privacy ကိုရွေချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Public ကိုရွေးချယ်ထားပါတယ်။

- အားလုံးဖြည့်ပြီးသွားပြီးဆိုရင် Create Group ကိုနှိပ်ပါ။

- ဒီနေရာမှာတော့ မိတ်ဆွေတို့ဆီမှာ invite လုပ်ဖို့အတွက် friends list ပေါ်နေပါလိမ့်မယ်။ အဲ့ထဲကမှ ကိုယ် invite လုပ်လိုတဲ့သူကိုရွေးချယ်ပြီး Done ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ invite မလုပ်တော့ပါဘူး။အဲ့ဒါကြောင့် Done ကိုပဲတစ်ခါတည်းနှိပ်လိုက်ပါတယ်။

- အခုဆိုရင် ကျွန်တော်တို့ ကိုယ်ပိုင် Group တစ်ခုကိုအောင်မြင်စွာဖွင့်လို့ပြီးပါပြီ။ မိတ်ဆွေတို့အနေနဲ့ members တွေခေါ်ယူချင်တယ်ဆိုရင်တော့ invite ကိုနှိပ်လိုက်ပါ။

- ပြီးရင် ကိုယ်နှစ်သက်တဲ့နည်းလမ်းကို အသုံးပြုပြီး members တွေခေါ်ယူနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
🙏 အဆင်ပြေပါစေခင်ဗျာ။

Facebook မှာကိုယ့် Friends List ကိုအခြားသူကြည့်မရအောင်ပိတ်နည်း

Menu ကိုနှိပ်ပါ။နောက်ပြီးရင် Settings and Privacy ကိုနှိပ်ပါ။

Settings ကိုနှိပ်ပါ။

Privacy Settings ကိုနှိပ်ပါ။

Who can see your friends list? ကိုနှိပ်ပါ။

ပြီးရင် Only me ကိုရွေးချယ်ပေးပါ။

ကျေးဇူးတင်ပါတယ်။
🙏 အဆင်ပြေပါစေ။

Friday, July 17, 2020

Redmi ဖုန်းတွေမှာ အင်တာနက်ကို အရင်ကထက်ပိုမိုမြန်ဆန်လာအောင် ဘယ်လို့လုပ်မလဲ?

- ပထမဦးဆုံး phone ခေါ်မယ့်နေ့ရာကိုသွားပါ။

- ဒုတိယအဆင့်အနေနဲ့ *#*#4636#*#* ကိုနှိပ်ပါ။

- နောက်တစ်ဆင့်အနေ့ နဲ့ကိုယ်အင်တာနက်အသုံးပြနေတဲ့ SIM ကိုရွေးပေးရပါမယ်။ ကျွန်တော်ဖုန်းမှာက SIM နှစ်ခုထည့်ထားတယ်၊ ကျွန်တော်အင်တာနက်အသုံးပြုနေတဲ့ SIM က SIM-1 မှာထည့်ထားတာမလို့ Phone Information 1 ကိုရွေးလိုက်ပါတယ်။

- ပြီးရင် ကျွန်တော်ပုံမှာပြထားတဲ့ နေရာကို ရှာပြီးနှိပ်လိုက်ပါ။

- နောက်ပြီး LTE Only ကိုရွေးပေးလိုက်ပါ။ ပြီးရက် Back, Home ကြိုက်တာနဲ့ထွက်ပြီး အရင်ကထက်ပိုကောင်းတဲ့ အမြန်နှုန်းနဲ့ အင်တာနက်ကိုအသုံးပြလို့ရပါပြီ။


ကျေးဇူးတင်ပါတယ်။
🙏 အဆင်ပြေပါစေ။

Tuesday, July 14, 2020

Link အရှည်တွေကနေ Link အတိုဖြစ်အောင်ပြောင်းလဲနည်း

- ဟုတ်ကဲ့ ဒီနေ့မှာတော့ Link အရှည်ကြီးတွေကို Link တိုတိုလေးတွေဖြစ်အောင် ပြောင်းတဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်အဲ့လို link မျိုးတွေကို shorten link လို့ခေါ်ပါတယ်။ ဥပမာအနေနဲ့ ပြရရင် ဒီလို https://softwarenotemm.blogspot.com/?m=1 link အရှည်ကြီးတွေဆီကနေပြီးတော့ ဒီလို https://bit.ly/2WhAudI link အတိုလေးတွေဖြစ်အောင်ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ Shorten link ပြုလုပ်ဖို့ App တွေ၊ website တွေများစွာရှိတဲ့ အထဲကမှ လူသုံးအများဆုံးနဲ့ သုံးရတာအဆင်ပြေတဲ့ Shorten Link Service တစ်ခုဖြစ်တဲ့ Bitly ကိုမိတ်ဆက်ပေးလိုက်ပါတယ်။

ပထမဦးဆုံး bitly app ကို ဒီကိုနှိပ်ပြီး download ယူပါ။ ပြီးရင် app ကို install လုပ်ပြီးဖွင့်လိုက်ပါ။

ပြီးရင် Bitly Account တစ်ခုပြုလုပ်ရန်အတွက် Sign Up ကိုနှိပ်ပါ။

Account ပြုလုပ်ဖို့အတွက် Gmail, Facebook, Twitter ၊ နောက်ပြီး Username, Email, Password ဆိုပြီး account ပြုလုပ်လို့ရတဲ့ နေရာတွေအများကြီးပေးထားပါတယ်။ အဲ့ထဲကမှ ကျွန်တော်က Gmail ကိုရွေးချယ်ပြီး account တစ်ခုပြုလုပ်ပြပေးသွားပါမယ်။

Gmail ကိုနှိပ်ပြီးပြီဆိုရင် ကျွန်တော့ device မှာ Login ဝင်ထားတဲ့ Gmail account အားလုံးကို လာပြပေးမှာ‌ဖြစ်ပါတယ်။ အဲ့ထဲကမှ ကိုလိုချင်တဲ့ Gmail Account တစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ Create New Account ကိုနှိပ်လိုက်ရုံပါပဲ။

အခုဆိုရင်ကျွန်တော်တို့ Bitly Account တစ်ခုကိုဖန်တည်းအောင်မြင်သွားပါပြီ။ Shorten Link ပြုလုပ်ဖို့အတွက် ညာဘက်အောက် ထောင့်နားမှာရှိတဲ့ အပေါင်းပုံစံ button လေးကိုနှိပ်ပေးပါ။

ပြီးရင်ကျွန်တော် အောက်ကပုံထဲမှာပြထားသလိုပါပဲ။

  1. ကိုယ်ပြောင်းချင်တဲ့ link ကိုထည့်ပေးပါ။
  2. ပြီးရင် Create ကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့

  1. Link အမည်ထည့်ပေးပါ။(ကြိုက်တာရေးလို့ရတယ်)
  2. ညာဘက်အပေါ်ထောင့် မှာရှိတဲ့ အမှန်ခြစ်ပုံစံ လေးကိုနှိပ်လိုက်ပါ။

အခုဆိုရင် Link အတို (shorten link) တစ်ခုကိုရရှိလာပါပြီ။ သူများကိုပြန်လည်မျှဝေချင်တယ်ဆိုရင် ကျွန်တော် မြှားပြထားတဲ့ နေရာကိုနှိပ်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ Copy ကိုနှိပ်ပေးပါ။ ပြီးရင်ကိုယ်မျှဝေချင်တဲ့သူကို ပြန်လည်မျှဝေပေးလိုရပါပြီ။ ကျေးဇူးတင်ပါတယ်။

Saturday, July 11, 2020

MPT Data Pack ကုန်သွားရင် ဖုန်းဘေထဲက မဖြတ်အောင်လုပ်နည်း

- ဖုန်းခေါ်တဲ့နေရာကိုနှိပ်ပါ။

- *2008# ကိုဖုန်းခေါ်ပါ။

- 1 ကိုရွေးပြီး send ကိုနှိပ်ပါ။

- ကိုယ်နှစ်သက်တဲ့ plan တစ်ခုကိုရွေးပြီး send ကိုနှိပ်ပါ။

- MPT မှ အဆင်ပြေမပြေကို message ပြန်ပို့ပေးပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် message ထဲကအတိုင်း airplane mode ကိုအဖွင့်အပိတ်လုပ် သို့မဟုတ် ဖုန်းကို restart လုပ်ပေးပြီးအသုံးပြုနိုင်ပါပြီ။
အဆင်ပြေပါစေ။

Thursday, July 9, 2020

ကိုယ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ Gmail လိပ်စာကိုအခြားသူတွေကြည့်မရအောင်ပိတ်ထားနည်း

- Menu ကိုနှိပ်ပါ။

- Settings and Privacy ကိုနှိပ်ပါ။

- Settings ကိုနှိပ်ပါ။

- Privacy Settings ကိုရွေးချယ်ပေးပါ။

- Friends ကနေ Only me ကိုပြောင်းပေးပါ။

- အခုလို Only me ပြောင်းသွားရင်ရပါပြီ။