Tuesday, July 14, 2020

Link အရှည်တွေကနေ Link အတိုဖြစ်အောင်ပြောင်းလဲနည်း

- ဟုတ်ကဲ့ ဒီနေ့မှာတော့ Link အရှည်ကြီးတွေကို Link တိုတိုလေးတွေဖြစ်အောင် ပြောင်းတဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်အဲ့လို link မျိုးတွေကို shorten link လို့ခေါ်ပါတယ်။ ဥပမာအနေနဲ့ ပြရရင် ဒီလို https://softwarenotemm.blogspot.com/?m=1 link အရှည်ကြီးတွေဆီကနေပြီးတော့ ဒီလို https://bit.ly/2WhAudI link အတိုလေးတွေဖြစ်အောင်ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ Shorten link ပြုလုပ်ဖို့ App တွေ၊ website တွေများစွာရှိတဲ့ အထဲကမှ လူသုံးအများဆုံးနဲ့ သုံးရတာအဆင်ပြေတဲ့ Shorten Link Service တစ်ခုဖြစ်တဲ့ Bitly ကိုမိတ်ဆက်ပေးလိုက်ပါတယ်။

ပထမဦးဆုံး bitly app ကို ဒီကိုနှိပ်ပြီး download ယူပါ။ ပြီးရင် app ကို install လုပ်ပြီးဖွင့်လိုက်ပါ။

ပြီးရင် Bitly Account တစ်ခုပြုလုပ်ရန်အတွက် Sign Up ကိုနှိပ်ပါ။

Account ပြုလုပ်ဖို့အတွက် Gmail, Facebook, Twitter ၊ နောက်ပြီး Username, Email, Password ဆိုပြီး account ပြုလုပ်လို့ရတဲ့ နေရာတွေအများကြီးပေးထားပါတယ်။ အဲ့ထဲကမှ ကျွန်တော်က Gmail ကိုရွေးချယ်ပြီး account တစ်ခုပြုလုပ်ပြပေးသွားပါမယ်။

Gmail ကိုနှိပ်ပြီးပြီဆိုရင် ကျွန်တော့ device မှာ Login ဝင်ထားတဲ့ Gmail account အားလုံးကို လာပြပေးမှာ‌ဖြစ်ပါတယ်။ အဲ့ထဲကမှ ကိုလိုချင်တဲ့ Gmail Account တစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ Create New Account ကိုနှိပ်လိုက်ရုံပါပဲ။

အခုဆိုရင်ကျွန်တော်တို့ Bitly Account တစ်ခုကိုဖန်တည်းအောင်မြင်သွားပါပြီ။ Shorten Link ပြုလုပ်ဖို့အတွက် ညာဘက်အောက် ထောင့်နားမှာရှိတဲ့ အပေါင်းပုံစံ button လေးကိုနှိပ်ပေးပါ။

ပြီးရင်ကျွန်တော် အောက်ကပုံထဲမှာပြထားသလိုပါပဲ။

  1. ကိုယ်ပြောင်းချင်တဲ့ link ကိုထည့်ပေးပါ။
  2. ပြီးရင် Create ကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့

  1. Link အမည်ထည့်ပေးပါ။(ကြိုက်တာရေးလို့ရတယ်)
  2. ညာဘက်အပေါ်ထောင့် မှာရှိတဲ့ အမှန်ခြစ်ပုံစံ လေးကိုနှိပ်လိုက်ပါ။

အခုဆိုရင် Link အတို (shorten link) တစ်ခုကိုရရှိလာပါပြီ။ သူများကိုပြန်လည်မျှဝေချင်တယ်ဆိုရင် ကျွန်တော် မြှားပြထားတဲ့ နေရာကိုနှိပ်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ Copy ကိုနှိပ်ပေးပါ။ ပြီးရင်ကိုယ်မျှဝေချင်တဲ့သူကို ပြန်လည်မျှဝေပေးလိုရပါပြီ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment