Saturday, July 18, 2020

Facebook Group ထောင်နည်း

ဟုတ်ကဲ့ဒီနေ့မှာတော့ Facebook Group ထောင်တဲ့နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

- အရင်ဦးဆုံး Facebook App ကိုဖွင့်။ပြီးရင် Top Bar မှာရှိတဲ့ Group Icon လေးကိုနှိပ်လိုက်ပါ။ Group Icon မပေါ်တဲ့သူက MENU ထဲက Group ကိုနှိပ်ပါ။

- နောက်တစ်ဆင့်အနေနဲ့ Create ကိုနှိပ်ပါ။

- ပြီးရင် Name နေရာမှာ Group အမည်ရေး။
Cover Photo နေရာမှာ Group အတွက် Cover Photo ကိုထည့်။
Privacy နေရာမှာ Public or Private ကြိုက်တာထည့်။Public နဲ့ Private ဘာကွာလဲနောက်ထက်တစ်ပုံမှာ ဆက်ရှင်းပြပါမယ်။

- Privacy မှာ Public ထားခဲ့မယ်ဆိုရင် ကိုယ့် Group အဖွဲ့ဝင်မဟုတ်သေးတဲ့သူတွေက Group ထဲမှာဘယ်သူတွေကဘာတွေတင်ထားတယ်။ဘယ်သူတွေ comment ပေးထားလဲဆိုတာကို ကြည့်နိုင်ပါတယ်။
- Privacy မှာ Private ထားခဲ့မယ်ဆိုရင်တော့ Group အဖွဲ့ဝင်တွေသာ ဘာတွေတင်ထားတယ်။ဘယ်သူတွေ Comment ပေးထားတယ်ဆိုတာကို‌သိနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ Privacy ကိုရွေချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Public ကိုရွေးချယ်ထားပါတယ်။

- အားလုံးဖြည့်ပြီးသွားပြီးဆိုရင် Create Group ကိုနှိပ်ပါ။

- ဒီနေရာမှာတော့ မိတ်ဆွေတို့ဆီမှာ invite လုပ်ဖို့အတွက် friends list ပေါ်နေပါလိမ့်မယ်။ အဲ့ထဲကမှ ကိုယ် invite လုပ်လိုတဲ့သူကိုရွေးချယ်ပြီး Done ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ invite မလုပ်တော့ပါဘူး။အဲ့ဒါကြောင့် Done ကိုပဲတစ်ခါတည်းနှိပ်လိုက်ပါတယ်။

- အခုဆိုရင် ကျွန်တော်တို့ ကိုယ်ပိုင် Group တစ်ခုကိုအောင်မြင်စွာဖွင့်လို့ပြီးပါပြီ။ မိတ်ဆွေတို့အနေနဲ့ members တွေခေါ်ယူချင်တယ်ဆိုရင်တော့ invite ကိုနှိပ်လိုက်ပါ။

- ပြီးရင် ကိုယ်နှစ်သက်တဲ့နည်းလမ်းကို အသုံးပြုပြီး members တွေခေါ်ယူနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
🙏 အဆင်ပြေပါစေခင်ဗျာ။

No comments:

Post a Comment